မိုင်းယန်းမြို့နယ်၌ ဌာနဆိုင်ရာများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းယန်း စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ သတိပြုကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြ ရန်ပြောကြားသည်။ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဌာနဆိုင်ရာများ အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန်၊  မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး စသည်တို့ကို ဆွေးနွေးပြောကြားရာ တက်ရောက် လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး