လင်းခေးမြို့နယ် ဝမ်လွိုင်ရပ်ကွက် မြို့လယ်မီးပွိုင့်လမ်းဆုံတွင် အသိပညာပေးလှုပ်ရှားမှုအဖြစ် တတိယအကြိမ် Mask Campaign ဆက်လက်ဆောင်ရွက်

လင်းခေး စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးနှင့် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာ တိုးမြင့်ပြန့်ပွားရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၇ နာရီအချိန်မှစ၍ လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်၊ မြို့လယ်မီးပွိုင့်လမ်းဆုံတွင် အသိပညာပေးလှုပ်ရှားမှုအဖြစ် တတိယအကြိမ် Mask Campaign ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် လင်းခေးမြို့ အခြေချစစ်ဗျူဟာမှူးကြီး၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းမျာ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နမ့်ခုံးရှမ်းများပရဟိတအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့က ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအပေါ် လိုက်နာကြရန်၊ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျ ပြန်လည်တပ်ဆင်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များကို ဆက်လက်လိုက်နာကြရန်၊ လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိပညာပေး Mask Campaign တတိယအကြိမ် လှုပ်ရှားမှုအဖြစ် (Mask) အခုရေ (၂၁၀၀) အား အခမဲ့ ဆက်လက်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

နန်းပြုံးရီ