ပလောက်မြို့၊ မူလတန်းလွန်ကျောင်း၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပလောက်  စက်တင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မူလတန်းလွန်ကျောင်း၌ လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုဆိုတာဘာလဲ လူကုန်ကူးမှုခံရခြင်း၏ အသွင်ပြင်လက္ခဏာများ၊ လူကုန်ကူးခံရသည့် အဓိကအကြောင်းအရာများကို ဟောပြောခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)