ပိုင်ကျုံ စက်တင်ဘာ ၁၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် (၁၈)နှစ် အောက် ကျောင် းသား/သူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကင်း ဝေးစေရန်နှင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အ.ထ.က ကျောင်း၌ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အ.ထ.က ကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသည့် ကျောင်းသား/သူများအား စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျောင်းသား/သူ စုစုပေါင်း (၄၇၅) ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှတာဝန် ရှိသူတစ်ဦး ထံမှသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး ကစို ကျေးရွာရှိလူမှုကယ်ဆယ်ရေးအသင်းမှစေတနာ့ဝန်ထမ်းများနှင့်သက်ဆိုင်ရာ ဆရာ/မ များတို့ က ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)