ဝေါမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား Mobile Library စနစ်ဖြင့် ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာအုပ်စာစောင်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်ကာ ယနေ့နံနက် ၁၀ နာရီအချိန်က Mobile library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းသွားရောက်၍ စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးခြင်းကို ဆောင်ရွက်ကြသည်။

ပဲခူးမြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့်ပတ်သက်သည့် သင်တန်းဖွင့်ပွဲ ကျင်းပ

ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့်ပတ်သက်သည့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၌ အားကစားနှင့်လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး​ပေါင်း၍ ယ​နေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်း၊ မြဝတ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံပြည်သူများအား တန်ဖိုးသင့် စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ အခြေခံပြည်သူများသို့ တန်ဖိုးသင့် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို ယနေ့ နံနက်(၇)နာရီတွင် ပန်းတောင်း- တောင်ကုတ်လမ်း ၊ မြို့နယ်လမ်းဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌  အသက် (၁၂) နှစ်မှ (၁၈) နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ (၃,၄၆၀) ဦးထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ယနေ့နံနက် (၈) နာရီခွဲတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၃,၄၆၀) ဦး ထိုးနှံပြီးဖြစ်ကြောင်းသိရှိရသည်။  

ဒေသခံပြည်သူများ လက်ဝယ်အရောက် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ အမှတ် ၃ ရပ်ကွက် ရွှေအိုးတွင်းရပ်ရှိ သဟပုညကာရီ ဓမ္မာရုံတွင် ယနေ့ နံနက် ၇ နာရီ အချိန်မှ စတင်၍ ဒေသခံပြည်သူများအတွက် လူမှုဘဝ စားသောက်ရေးတွင် အထောက်ကူပြုစေရန်အလို့ငှါ အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု၊ ကရင်တောကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု ကရင်တော ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဦးစီးဌာနမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)အား မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Subscribe to