ကရင်ပြည်နယ်၌ ၂၀၂၁ ခုနှစ်တွင် ယာဉ်မတော်တဆမှု (၁၇၀) မှု၊ ဒဏ်ရာရရှိသူ (၂၂၆) ဦးနှင့် သေဆုံးသူ(၈၉)ဦးရှိခဲ့ပြီး ယာဉ်မောင်းသူကြောင့်အများဆုံးဖြစ်
ယာဉ်မောင်းသူအပါအဝင် စီးနင်းသူများအားလုံး ခရီးစဉ်အစအဆုံး အသက်ကယ်ထိုင်ခုံခါးပတ် ပတ်စေရေး၊ ယာဉ်မောင်းသူများ သတ်မှတ်လိုင်စင်ဖြင့်မောင်းနှင်စေရေးနှင့် အရက်သေစာ သောက်စားမောင်းနှင်မှုမရှိစေရေးအတွက် ယာဉ်ရပ်နားစခန်းတွင်သာမက ကြားစခန်းများတွင်လည်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် ပညာပေးစစ်ဆေး အရေးယူမှုများ ဆောင်ရွက်ရန်လိုကြောင်း ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည့် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားသည်။