ညောင်လေးပင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် နယ်လှည့်ပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်

ညောင်လေးပင် စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရှေးဦးစွာကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းမှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သတ်သောအကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်ထွေးမှ စားသုံးသူများ၏အခွင့်အရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်မိုးစန္ဒာဝင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်များပြောပြခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်