ဝက်လက် စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ အမှတ် ၃ ရပ်ကွက် ရွှေအိုးတွင်းရပ်ရှိ သဟပုညကာရီ ဓမ္မာရုံတွင် ယနေ့ နံနက် ၇ နာရီ အချိန်မှ စတင်၍ ဒေသခံပြည်သူများအတွက် လူမှုဘဝ စားသောက်ရေးတွင် အထောက်ကူပြုစေရန်အလို့ငှါ အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပြည်သူတစ်ဦးလျှင် ဆန် ၁ ပြည် ၊ ဆီ ၁၀ သား ၊ ကြက်သွန် ၂၅ ကျပ်သား ၊ အာလူး ၂၅ ကျပ်သား တို့အပါအဝင် အခြခံစာသောက်ကုန်ပစ္စည်း ၄ မျိုးအား သက်သာသောနှုန်းထား ၃၀၀၀ ကျပ်ဖြင့် အမှတ် ၃ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူ ၃၀၀ ဦးကို ယနေ့ ရောင်းချပြီး ၊ မြို့ပေါ် ရပ်ကွက်များတွင် တစ်ပတ်လျှင် ၃ ရက် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ရောင်းချရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက်ဒေသခံ ပြည်သူများကို Mask များ အခမဲ့ဖြန့်ဝေပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသန်းထိုက်စိုးနှင့် တာဝန်ရှိသူများက လာရောက်ဝယ်ယူသူများ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)