ကျောက်ဆည်မြို့နယ်၌  အသက် (၁၂) နှစ်မှ (၁၈) နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ (၃,၄၆၀) ဦးထိုးနှံပြီးဖြစ်

ကျောက်ဆည် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ယနေ့နံနက် (၈) နာရီခွဲတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၃,၄၆၀) ဦး ထိုးနှံပြီးဖြစ်ကြောင်းသိရှိရသည်။  

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေး အသင်း၀င်များပူးပေါင်း၍ တတိယအကြိမ်အဖြစ် ကျောင်းသား၊ ကျောင်းသူ (၇,၀၅၈) ဦးအား စနစ် တကျ ထိုးနှံပေးလျက်ရှိကြောင်းနှင့် (၃,၄၆၀) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၆,၉၀၁) ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ (၁၀) ဦး၊ ကိုယ်ပိုင်ကျောင်းများမှ (၁၄၇) ဦး စုစုပေါင်း (၇၀၅၈) ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ရာဂါ ကာကွယ်ဆေးများ ထိုးနှံပေးထိုးနှံပေးခြင်း ဖြစ်ပြီး အခြေခံပညာကျောင်းများတွင် (၃,၃၃၃) ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ (၅) ဦး၊ ကိုယ်ပိုင်ကျောင်းများမှ (၁၂၂) ဦး၊ စုစုပေါင်း (၃,၄၆၀) ဦး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာစုရပ်ကျောင်းများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)