ပုဇွန်တောင်မြို့နယ် အမှတ်(၉)ရပ်ကွက်၊ အိမ်ကြီးလမ်းတွင် AC ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် သန့်ရှင်းသပ်ရပ်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ AC ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို အမှတ် (၉) ရပ်ကွက်၊ အိမ်ကြီးလမ်းတွင် ဆောင်ရွက်လျက်ရှိသည်။