မြဝတီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားစေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင်  ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် ပြူကန် ခေတ်မီစံပြကျေးရွာ (Smart Village)တွင် Transplanter Mounted Boom Sprayerဖြင့် ဆေးဖြန်းခြင်း သရုပ်ပြပွဲကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနနှင့် ပြူကန် ခေတ်မီစံပြကျေးရွာ (Smart Village) တောင်သူများ ပူးပေါင်းပြီး  Transplanter Mounted Boom Sprayer ဖြင့် ဆေးဖြန်းခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကွင်းအမှတ် (၁၃၄၀) ပြူကန်ကွင်း တောင်သူ ဦးဝင်းချိုလယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြော၊ကဗျာရွတ်၊စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၂)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကား ပုံဆက်ပြိုင်ပွဲများ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်အတွင်းရှိ အမှတ်(၈)ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်

မြိတ်မြို့တွင် ကျောင်းသား/သူများအား အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး အသိပညာပေး ဟောပြော၍ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူများအား အစားအစာ ဘေးကင်းလုံခြုံမှုစေရှိရေးအတွက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အထက (၉) အောင်မင်္ဂလာကျောင်းတွင် အသိပညာပေး ဟောပြောခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to