ကြည့်မြင်တိုင်မြို့နယ်၌ အားကစားနှင့်လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ

ကြည့်မြင်တိုင်   စက်တင်ဘာ   ၁၃

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး​ပေါင်း၍ ယ​နေ့နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်း၊ မြဝတ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အားကစားနှင့်ကားပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးမျိုးမင်းသန်းက လူငယ်နှင့်​ခေါင်း​ဆောင်မှုအ​ကြောင်း အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး အားကစားအဖွဲ့များမှ ဝူရှူး၊ မြန်မာ့သိုင်း၊ fitness  dance  သရုပ်ပြအကများဖြင့် ကပြ​ဖျော်​ဖြေခဲ့သည်။ ထို့​နောက် အားကစားနှင့်ကားပညာဦးစီးဌာနမှ အမှတ်(၁)အ​​ခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ခဲ့​ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)