တောင်ကုတ် စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ အခြေခံပြည်သူများသို့ တန်ဖိုးသင့် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို ယနေ့ နံနက်(၇)နာရီတွင် ပန်းတောင်း- တောင်ကုတ်လမ်း ၊ မြို့နယ်လမ်းဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို တောင်ကုတ်တပ်နယ်မှ ဦးဆောင်၍ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ကာ ဝက်သား၊ ကြက်ဉ၊ ခေါက်ဆွဲ၊ ကြာဇံ၊ ငံပြာရည် နှင့်ဟင်းသီး၊ ဟင်းရွက်များကို ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်နှင့် ဟင်းသီး၊ ဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဈေးဝယ်လာသူများဖြင့်စည်ကားခဲ့ပြီး ဈေးဝယ်လာသူများနှင့် လမ်းသွား၊ လမ်းလာပြည်သူများအား Mask များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)