ပြည် စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်ရှိ တာဝန်ရှိသူများနှင့် သင်ကြား/စီမံဌာနပေါင်းစုံမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူနှင့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ယင်းတက္ကသိုလ်ဓမ္မာရုံ၌ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးခြင်းကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးတိုးလှိုင် ဦးဆောင်သောအဖွဲ့ဝင်များ လာရောက် ကြည့်ရှုအားပေးကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်အပါအဝင် သင်ကြား/စီမံဌာနများမှ ပါမောက္ခဌာနမှူးများနှင့် ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်မိသားစုဝင်များအနက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု တတိယအကြိမ်(၁၆၀)ဦးနှင့် စတုတ္ထအကြိမ်(၂၁၃)ဦး၊ စုစုပေါင်း(၃၇၃)ဦးတို့ကို ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းငြိမ်းအေး ဦးဆောင်သော ခရိုင်ပြည်သူ့ကျန်းမာရေးဆရာ၊ ဆရာမများအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း တက္ကသိုလ်တာဝန်ရှိသူများထံမှသိရသည်။
ကိုဆက်(ပြန်/ဆက်)