သုံးခွမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

သုံးခွ စက်တင်ဘာ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်  သုံးခွမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာပေမှအသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင် စာအုပ်ပြပွဲနှင့်ဟောပြောပွဲကို ယနေ့နံနက် နာရီက လောကမာရဇိန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (မူလွန်) ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ   ဒေါ်တင်တင်ထွေး က လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာဖွင့်ဆိုချက်များ၊ ဖြစ်ပွားသည့်လူကုန်ကူးမှုအမျိုးအစား၊ လူကုန်ကူးမှု၏အစိတ်အပိုင်း ဥပဒေဆိုင်ရာဖွင့်ဆိုချက်များ ဖြစ်ပွားသည့်လူကုန်ကူးမှုအမျိုးအစား လူကုန်ကူးမှု၏အစိတ်အပိုင်း () ရပ် စသည့်အကြောင်းအရာများနှင့်အတူ သက်ငယ်မုဒိန်းမှု၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပြီး ဆရာမဒေါ် နှင်းဝတ်ရည် က စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် သုတရသစာအုပ်များကို ပြသခဲ့ရာ ဆရာ/မများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)