ရေတာရှည် စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် ရေတာရှည်တပ်နယ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်း က စည်ပင်သာယာစျေး (သာဂရ) အနီး၌ ဆန်၊ ဆီ၊ အသား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချပေးရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ဘက်စုံစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ အသား၊ ကြက်ဉ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက် ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)