ဒဂုံတောင် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိုသစ်(တောင်ပိုင်း) မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဒေသခံပြည်သူများအား စားသောက်ကုန်များကို သက်သာသောစျေးနှုန်း ဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးလျှက်ရှိရာ ယနေ့နံနက် ၇နာရီခွဲမှ စတင်ကာ အမှတ်(၇၁) ရပ်ကွက်တွင် ဒေသခံ ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကာ ဆန်တစ်ပြည် (၁၆၀၀)ကျပ် ဆီတစ်ပိဿာ(၄၈၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၁၇၅)ကျပ်ဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ ဆီ(၂၅) ကျပ်သား၊ ကြက်ဥ (၅)လုံးနှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီ(၁၁၀) ပိဿာ၊ ကြက်ဥ (၁၀၀၀)လုံးတို့အား ရောင်းချပေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သန်းသန်းအေး(ဒဂုံတောင်)