မိုင်းဖြတ်မြို့နယ်၌ ဝါး​ဖောင်တိမ်း​မှောက်မှု​ကြောင့် ​ရေနစ်​သေဆုံးခဲ့ပြီး ကျန်ရှိသည့် မိသားစုဝင်အားထောက်ပံ့​ငွေများ​ပေးအပ်

မိုင်းဖြတ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ်တွင်  ဝါး​ဖောင်တိမ်း​မှောက်မှု​ကြောင့် ​သေဆုံးခဲ့ပြီး ကျန်ရှိသည့် မိသားစုဝင်အား ​မြို့နယ်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့​​ငွေပေးအပ်ခြင်းကို စက်တင်ဘာလ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက အိမ်တိုင်ယာ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

ထိုသို့ ​ထောက်ပံ့​​ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ ဦးညီညီအောင်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်း များက ​​ရေနစ်​သေဆုံးခဲ့သည့် ဒေါ်နား​ယော်၏ မိသားစုဝင်ထံ ​ထောက်ပံ့​ငွေ သုံးသိန်းကျပ်ကို ပေးအပ်ခဲ့​ကြောင်း သိရသည်။

​ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းသည်  သြဂုတ်လ ၃၁ရက် ည​နေပိုင်းက ဟိုနား (လားဟူ) ကျေးရွာနေ ဒေါ်နားယော်သည် ညီမဖြစ်သူ ​ဒေါ်နာ​ရှဲနှင့်အတူ တောင်ယာမှအပြန်   နမ့်လုံ​ချောင်း တစ်ဖက်ကမ်းသို့ ဝါး​ဖောင်ဖြင့် ကူးစဉ်ဝါး​ဖောင်တိမ်း​မှောက်ခဲ့သဖြင့် ညီမနှစ်​ယောက်လုံး ​ရေထဲ​မျှောပါခဲ့ပြီး အမဖြစ်သူ ​ဒေါ်နား​ယော်မှာ ​ရေနစ်​သေဆုံးခဲ့သဖြင့် ထောက်ပံ့​ပေးအပ်ခြင်းဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)