၂၀၂၂ ခုနှစ်၊ ကမ္ဘာ့​ရှေးဦးပြုစုခြင်း​နေ့အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဗဟန်း စက်တင်ဘာ ၁၄

“ရှေးဦးပြုစုအတတ်ပညာ ဘဝသက်တာသင်ယူပါ”ဟူသည့်​ ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံကြက်​ခြေနီအသင်း၊ ရန်ကုန်တိုင်း​ဒေသကြီးကြက်​ခြေနီကြီးကြပ်မှု​ကော်မတီ၏ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့​ရှေးဦးပြုစုခြင်း​နေ့အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယ​မန်နေ့နံနက် ၉:၃၀ နာရီအချိန်က တာ​မွေမြို့နယ်၊ အ​ရှေ့မြင်းပြိုင်ကွင်းလမ်း၊ Sky Star Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံကြက်​ခြေနီအသင်းဥက္ကဋ္ဌ ဦး​မောင်မောင်မြင့်က အဖွင့်အမှာစကား​ပြောကြားပြီး ၂၀၂၂ ခုနှစ်၊ ရန်ကုန်တိုင်း​ဒေသကြီးကြက်​ခြေနီကြီးကြပ်မှု​ကော်မတီဝင်၏ ပြိုင်ပွဲများတွင် ဆုရရှိ​ခဲ့သော ပြိုင်ပွဲဝင်မြို့နယ်များအား ဆုများချီးမြှင့်ခြင်း၊ ပညာရည်ထူးချွန်ကြသည့်​ စေတနာလုပ်အားရှင်တပ်ဖွဲ့ဝင်များ၊ ထူးချွန်စွာ​ဆောင်ရွက်ကြသည့် မြို့နယ်အသင်းခွဲများနှင့် အကြိမ်(၁၀၀) အထက်​သွေးလှူရှင်များကို ဂုဏ်ပြုဆုများချီးမြှင့်​ပေးခဲ့သည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဗဟန်းမြို့နယ်ကြက်​ခြေနီတပ်ဖွဲ့ခွဲမှ ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် ကျားတစ်ဦးချင်း ပထမ၊ မတစ်ဦးချင်း တတိယ ၊ ကျားနှစ်ဦးတွဲ ပထမနှင့် မနှစ်ဦးတွဲပထမဆုများ ရရှိခဲ့​ပြီးအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအမရာမော်နိုင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဌာနမှူးများ၊ တိုင်း၊ ခရိုင်ကြက်ခြေနီအသင်း ကြီးကြပ်မှုကော်မတီဝင်များနှင့်တပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှဥက္ကဋ္ဌနှင့်တပ်ဖွဲ့မှူးများ၊ ပြိုင်ပွဲဝင်ရဲဘော်ရဲမေများ တက်ရောက်ကြကြောင်းသိရသည်။

စန္ဒာမိုး