တံတားဦး စက်တင်ဘာ ၁၄
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇) နာရီက တံတားဦးမြို့မဈေး အတွင်း၊ အပြင်တွင် ကျင်းပကြောင်း သိရသည်။
အဆိုပါပြုလုပ်သည့်နေရာသို့ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြို့ဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ မြို့နယ်အမျိုးသမီးရောအဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောက့်ရှောက်ရေး အသင်းဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဈေးရောင်း၊ ဈေးဝယ်များအား Mask ခုရေ (၂၀၀၀) ကို စုစုပေါင်းအင်အား (၅၀) ဦးဖြင့် ဝေငှပေး ကြသည်။
ကိုဗစ်-၁၉ အိုမီခရွန်ထပ်ဆင့်မျိုးခွဲ BA.4 ၊ BA.5 ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွား လာပြီး ကူးစက်မှုလူဦးရများပြားလာ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင်ပြည်သူများ၊ ဒေသခံပြည် သူများအား ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်မှုရောဂါမှ ကင်းဝေးစေရန်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို စနစ်တကျသိရှိလိုက်နာ ဆောင် ရွက်ရေး၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်၍ အပြင်သို့သွားလာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးကြရန်လိုကြောင်း၊ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ဈေးရောင်း၊ ဈေးဝယ်များ အနေဖြင့် နှာခေါင်းစည်းတပ်ဆင်၍ ရောင်းဝယ်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးဇော်ကိုကို၏ ပြောကြားချက်များအရ သိရသည်။
ရဲတင့်