လမ်းမတော် စက်တင်ဘာ ၁၄
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက လမ်းမတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre )၌ ပြုလုပ်ကြောင်း သိရသည်။
Talk Show တွင် လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ဇော်ထွေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမ အေး(ရန်ကုန်တက္ကသိုလ်)က မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပါယ်၊ လက်ရှိလူကုန်ကူးခံရမှု အခြေအနေများအကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ၊ လူကုန်ကူးခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းတို့ကို အသိပညာရရှိဖွယ် ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ Talk Show ကို လမ်းမတော်မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page Online မှ တဆင့် အသိပညာပေး ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်ထွေး(ပြန်/ဆက်)