ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး (Talk Show) ပူးပေါင်းဆောင်ရွက်

ဟင်္သာတ စက်တင်ဘာ ၁၄

ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်သူလူထုအသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ နေ့လယ် ၁ နာရီက ရိုက်ကူး ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ် ရိုက်ကူးရာတွင် စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးက “စားသုံးသူကာကွယ်ရေး ဥပဒေ ပုဒ်မ (၄၁)အရ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ခြင်း၊ ရောင်းချခြင်းပြုလုပ် ရာတွင် ကုန်စည်များတွင် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ သာမန်မျက်စိဖြင့် မြင်နိုင်သော စာလုံးအရွယ်အစားဖြင့် ကုန်အညွှန်းဖော်ပြချက် သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ/မရှိကို ကုန်စည်အုပ်စုအလိုက် လုပ်ငန်းရှင်များကို အသိပညာပေးခြင်း၊ တွေ့ဆုံခြင်း၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ အခြေအနေ ဦးစားပေးကုန်စည်(၅)မျိုးဖြစ်သည့် ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးမျိုး၊ (၁၀)ဂရန်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုး၊ စားသုံးဆီ အမျိုးမျိုး၊ သွားတိုက်ဆေး အမျိုးမျိုး၊ အေးခဲအစားအစာ အမျိုးမျိုးတို့ကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စစ်ဆေးရေး အရာရှိများက ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ ကိုက်ညီမှု ရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးသည့် အခြေအနေများ” ရှင်းလင်းပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုအတွင်း နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများအပြင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူလူထုအား Online မှ တစ်ဆင့် Website TV ရိုက်ကူးထုတ်လွှင့်ခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် လူငယ်လူရွယ်များ အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ