တွံတေး စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီ က ရွှေဆံတော်ရပ်ကွက် အ.မ.က (မူလွန်)ကျုံးကြီးတွင် လည်းကောင်း၊ မွန်းတည် ၁၂ နာရီ က စျေးသစ်ရပ်ကွက်၊ အ.မ.က(မူလွန်) စျေးသစ်ကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းမြင့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော် တို့က အမှာစကားများပြောကြားပြီး တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦး က လူသားအချင်းချင်း ရောင်းကုန်အဖြစ် ပြုမှုကာ လူမှောင်ခိုကူးသည့် ပြဿနာများ ယနေ့ကမ္ဘာနှင့်အဝှမ်း ကြီးမားသည့် ပြဿနာတစ်ရပ်အဖြစ် နိုင်ငံတိုင်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရသဖြင့် မျိုးဆက်သစ် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု ဖြစ်စဉ်များအကြောင်း သိကောင်းစရာများ၊ နယ်စပ်ဒေသဖြစ်၍ လူကုန်ကူးသူများအန္တရာယ်မှ ကင်းဝေးနိုင်ရေး ကျောင်းသား၊ ကျောင်းသူအရွယ်များ လိုက်နာဆောင်ရွက်ရမည့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေးဟောပြောပြီး လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သတိပြုလိုက်နာရမည့် ဗဟုသုတဖြစ်ဖွယ်ဓာတ်ပုံများအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တွံတေးသား