ပန်းတောင်း စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.ထ.ကဆင်တဲကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ အ.ထ.ကဆင်တဲကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက စာပေများဖတ်ရှုခြင်းဖြင့် အသိပညာတိုးတက်စေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့်အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်သို့လာရောက်၍ စာပေများလေ့လာဖတ်ရှုစေရန်စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်းမှ အောင်မြင့်ကျော်(ပန်းတောင်း)က “ဖတ်ပါမှတ်ပါ စကားလက်ဆောင်ပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာခွန်နေဒူး(သနီမြေ)တို့မှ သုတ/ရသအကြောင်းအရာများကို ဟောပြောသွားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)