ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သတိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ရန်ကင်း စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကင်းမြို့နယ်အတွင်းရှိစျေးများအတွင်း ကိုဗစ်-၁၉ ဆိုင်ရာ သတိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)များအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်တွင် ရန်ကင်းမြို့မစျေး၌ ပြုလုပ်ခဲ့သည်။

သို့ဖြစ်ရာ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ရန်ကင်းမြို့နယ်အတွင်းရှိ  စျေးများအား ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ စည်းကမ်းပါညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိစေရေး လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့်ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဂင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်စည်ပင်တို့ပူးပေါင်း၍ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ဆင်ရန်၊ တစ်ဦးချင်းအလိုက် မိမိတို့၏ ကျန်းမာရေးအသိစိတ်တို့နှင့်အညီ ကိုဗစ်စည်းကမ်းများအတိုင်း သွားလာနေထိုင်ကြရန် လက်ကိုင်အသံချဲ့စက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးနှိုးဆော်မှုများကို စျေးသွားစျေးလာ ပြည်သူများသိရှိစေရန် နှိုးဆော်ပေးခဲ့ပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)