နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇေယျာသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇေယျာသီရိ စက်တင်ဘာ ၁၄

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်၊ မအူတော ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာရှိ စိုက်ပျိုးရေးကဏ္ဍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။        

တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက   ယနေ့တွေ့ဆုံပွဲတွင် ကျေးရွာအတွင်းမှာ ဆောင်ရွက်နေသည့် VDP လုပ်ငန်းများ၊ မြစိမ်းရောင်ကျေး ရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့်လုပ်ငန်းများကြည့်ရှုခြင်း၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့လိုအပ်ချက်များ ပွင့်ပွင့်လင်းလင်း တင်ပြတောင်းခံနိုင်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍများအား သက်ဆိုင်ရာဌာန ဆိုင်ရာများက ဖြည့်ဆည်း ဆောင်ရွက်ပေးနေတာကြောင့်  ယခုကျေးရွာသူ/ ရွာသားများ အနေဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမျိုးက ဇေယျာသီရိ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကုန်ထုတ်လမ်းဖောက်လုပ် ပေးနိုင်ရေးအခြေအနေများ၊ စက်မှုလယ်ယာစနစ် ဖော်ဆောင်ပေးနိုင်ရေး အခြေအနေများ၊ လယ်ယာမြေများအားသုံးသီးစား စိုက်ပျိုးနိုင်ရေးအတွက် ရေလုံလောက်စွာရရှိရေး အခြေအနေ များအား တင်ပြတောင်းခံရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်က သက်ဆိုင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများ၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ဖြင့်ဆောင်ရွက် သည့်လုပ်ငန်းများနှင့်  မိုးစပါးစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)