လိပ်သို စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ညာများဖြင့် ဝေဝေဆာဆာပြသ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “လူကုန်ကူးမှု တားဆီးကာကွယ်ရေး” အသိပညာပေး နံရံကပ် စာစောင်များကို ယနေ့နေ့လယ် ၁၁ နာရီအချိန်က ပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် လူကုန်ကူမှုဖြစ်ပေါ်လာပုံ တွန်းအားပေးချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားမှုအခြေအနေ၊မြန်မာ နိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄ ရပ်၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ၊ လူကုန်ကူးခံရနိုင်သူများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အမျိုးသားအဆင့် (၅) နှစ်စီမံကိန်း၏ ကဏ္ဍများ၊ ကာတွန်းများ၊ ဆွဲဆောင်သောအကြောင်းအရာများ၊ လူကုန်ကူးခံရသူများရရှိနိုင်သော ဆိုးကျိုးများ စသည့် အသိပညာပေးနံရံကပ်စာစောင်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ် လေးများ အသိပညာဗဟုသုတရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)