ရေနံချောင်း စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီတာ ၁၀၀၊ မီတာ ၂၀၀ နှင့် မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အလျားခုန်၊ အမြင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်ပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)