သာပေါင်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါတ်တာဖြိုးသီဟ ရေးသားသည့်"ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံ"စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်း က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်၏ အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ (Book Club) အဖွဲ့ဝင် ဦးဝင်းသိန်းက စာရေးဆရာ ဒေါက်တာဖြိုးသီဟ ရေးသားသည့်"ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံ" စာအုပ်ပါ စစ်မှန်တဲ့ ပျော်ရွှင်မှု ဆိုတာ ခေါင်းစဉ်ပါ" အလုပ်ဆိုတာ အချိန်နဲ့တစ်ပြေးညီပြီးမှ အဖိုးတန်တာ၊ အချိန်လွန်မှ လုပ်ရင် မလုပ်တာနဲ့ အတူတူပဲ"စသည်ဖြင့် အကြောင်းကို ဖတ်ကြားဦးဆောင်ဆွေးနွေးရာ ဒေါ်ခင်အေးခိုင်နှင့် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ၊ ပြည်သူများ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့်တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)