ဟိုင်းကြီးကျွန်း စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်း ရှိ/မရှိနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လူစည်ကားရာ လမ်းဆုံ လမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြို့နေလူထုများ ယာဥ်အန္တရာယ်ကင်းဝေးစေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်း ရှိ/မရှိနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရန်အတွက် Mask များတပ်ဆင်သွားလာခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးကြသည်။
ဆက်လက်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား သတိပေးခြင်းများ ပြုလုပ်ပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာများ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာများကို အသိပညာပေး ပြောကြားကာ လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)