သရက်ခရိုင် ပြည်သူ့လုံခြုံရေး ဒုဥက္ကဋ္ဌအဖွဲ့နှင့် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံပွဲပြုလုပ်

မင်းတုန်း စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ ခရိုင်ပြည်သူ့လုံခြုံရေး ဒုဥက္ကဋ္ဌအဖွဲ့နှင့် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ‌ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့ဒုဥက္ကဋ္ဌ ဒုရဲမှူးမှ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များအား ချပြရှင်းလင်း ဆွေးနွေးခဲ့ပြီး ဒုခရိုင်အုပ်ချုပ်ရေးမှူးမှ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ ချပြရှင်းလင်းရာ ‌ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)