မလှိုင်မြို့နယ်တွင် ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေးအသိပညာပေးဟောပြောပွဲနှင့် အေဝမ်းမီးဖို ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မလှိုင် စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုအသိပညာပေးဟောပြောပွဲနှင့် အေဝမ်းမီးဖို ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပန်းအိုင်ကျေးရွာအုပ်စု၊ မြစ်ကျဉ်းကျေးရွာ၊ ကွမ်းဘုရား၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ထင်းအစား အခြားလောင်စာသုံးစွဲခြင်းဖြင့် သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပါကြောင်း စပါးခွံလောင်စာတောင့်၊ ကျောက်မီးသွေး လောင်စာတောင့်၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများဖြစ်သည့် နှမ်းရိုး၊ စပါးခွံ၊ မြေပဲခွံ၊ ပဲစဉ်းငုံ ကိုင်းခြောက်များစသည်တို့ကို အသုံးပြုနိုင်ကြောင်း ကုန်ကျစရိတ်သက်သာပြီး စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်သည့်အတွက် များစွာအကျိုးရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းက  စွမ်းအားမြှင့်အေဝမ်းမီးဖိုများကို သုံးစွဲရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က မြစ်ကျဉ်းစံပြ ကျေးရွာမှ ပြည်သူတို့အားအေဝမ်းမီးဖို အလုံး (၂၀) ထောက်ပံ့ပေးအပ်ခဲ့သည်။

မလှိုင်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့် တစ်လလျှင် ()ရွာ၊ တစ်ရွာလျှင် အလုံး (၂၀) နှုန်းဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အေဝမ်းစွမ်းအားမြှင့် မီးဖိုအလုံး(၇၂၀)နှင့် စံပြကျေးရွာများအတွက် သံပုံးစွပ်မီးဖို(၁၄၅)လုံး၊ စုစုပေါင်း (၉၇၉)လုံး ထောက်ပံ့ပေးအပ်သွား မည်ဖြစ်သည်။ (၁၃--၂၀၂၂) ရက်နေ့အထိ () လအတွက် ကျေးရွာ(၁၈)ရွာကို  အလုံး (၃၆၀) ကို ပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိနေသည့်ကျေးရွာများကို ဆက်လက်ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)