ကြံခင်း စက်တင်ဘာ ၁၅
ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ပန်းအလှ ပြင်ထိုးနည်း သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။
ပထမဦးစွာ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ပန်းအလှပြင်ထိုးနည်းသင်တန်း ဖွင့်လှစ်ခြင်းဖြင့် အမျိုးသမီးများ လက်မှုအတတ်ပညာနှင့် အိမ်တွင်းအလှဆင်ယင်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး အိမ်တွင်းမှုသင်တန်း ဆရာမ ဒေါ်မျိုးသီတာမြင့်နှင့် ဒေါ်ဆန်း ဆန်းသစ်တို့မှ ပန်းအလှပြင်ဆင် ယင်ထိုးပုံများ၊ အရောင်အသွေး တွဲစပ်မှုများကို ရှင်းပြ၍ လက်တွေ့သင်ကြားပြသကြရာ Book Club အဖွဲ့ဝင်နှင့် Women Club တို့က စိတ်ပါဝင်စားသွာ လေ့လာသင်ယူကြပါသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသူ(၁၀)ဦး တတ်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ(၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ (၂)ရက်တာ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)