ကြံခင်းမြို့တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ အကျိုးခံစားခွင့်များ ဟောပြောခြင်းနှင့် ဆေးကုသပေးခြင်း ကွင်းဆင်းဆောင်ရွက်

ကြံခင်း စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ အကျိုးခံစားခွင့်များအား ဟောပြောခြင်းနှင့် ဆေးကုသပေးခြင်းကို ယမန်နေ့က ကြံခင်းမြို့၊ ရွှေပြည်သာ(သ/မ)ရုံးခန်းမတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးနိုင်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါအချက်များနှင့် ငွေကြေးအကျိုးခံစားခွင့်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးရာ ရွှေပြည်သာ(သ/မ)ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်ဝန်ထမ်းများက သိလိုသည့်အချက်များကို မေးမြန်းကြရာ လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းပြောကြားသည်။ ထို့နောက် ရွှေပြည်သာ(သ/မ)မှ လူမှုဖူလုံရေးရုံးတွင် အာမခံထားသူဝန်ထမ်းများကို ဆေးကုသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)