တနင်္သာရီ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်တွင်အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြားရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ) အကြိမ်ထိုးနှံပြီး (၃)လကြာပြီဖြစ်သော ကျောင်းသူ/ သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေး လျက်ရှိရာ ယမန်နေ့က ကျောင်းဆေးထိုးစုရပ်(၃)ခု၌ ကျန်းမာရေးဌာနဆရာမများက (Booster Dose) ကာကွယ်ဆေးကို ထပ်ဆောင်းထိုးနှံပေးကြကြောင်း သိရှိရသည်။
အထက-မောတောင်ကျောင်းအတွင်း အသက်(၁၂)နှစ်မှ (၁၈) နှစ်အကြား ကျောင်း သူ/သား (၁၈၂) ဦး၊ အလက-ရှမ်းအင်တော်ကျောင်းတွင် (၂၂) ဦး၊ အလက(ခွဲ)-သာယာ ကုန်းကျေင်းတွင်(၅၂)ဦး၊ စုစုပေါင်း(၂၅၆)ဦးတို့အား ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက ကျောင်းဆေးထိုးစုရပ်များအရောက်ကွင်းဆင်း၍ ထိုးနှံပေးကြရာ ပညာရေးဌာနမှ ဆရာ/မများက ပူးပေါင်းကူညီပေးကြောင်းသိရှိရသည်။
ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဌာနဆရာမများက အပူချိန်တိုင်းတာပေး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးထိုးပြီးပါက နောက်ဆက်တွဲ ဆိုးကျိုးများ ရှိ/မရှိ သိရှိနိုင်ရန် မိနစ်(၃၀)အကြာစောင့်ကြည့်၍ စနစ်တကျဆောင်ရွက်ပေးကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)