မြောင်းမြ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပညာရေးဒီဂရီကောလိပ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) (၈/၂၀၂၂) မောင်မယ်သစ် လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ပညာရေးဒီဂရီကောလိပ်၊ ပညာသီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဖူးပွင့်ဝေဆာကျောင်းတော်သာ သီချင်းဖြင့် သီဆိုဖွင့်လှစ် ခဲ့ပြီး မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ကျောင်းသား၊ ကျောင်းသူများအား နွေးထွေး လှိုက်လှဲစွာ ကြိုဆိုကြောင်း နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး မြောင်းမြပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက သင်တန်းသူ၊ သင်တန်းသားများအား အမှာစကား ဆက်လက် ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားသင်တန်းသူများက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်ပြီး မြောင်းမြ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ပညာရေးဒီဂရီကောလိပ်အတွက် အလှူငွေ ၅၀၀၀၀၀ ကျပ်ကို လှူဒါန်းပေးအပ်ခဲ့သည်။
အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၂၀)ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်ပြန်/ဆက်