မအူပင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မအူပင် စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မအူပင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က လူကုန်ကူးခံရမှုအခြေအနေများ၊ မူးယစ်ဆေး၏ ဆိုးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများနှင့် မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များကို လည်း‌ကောင်း လူကုန်ကူးမှုသတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း‌ကောင်း စသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင် ဦးအောင်ဇော်ဦးက စာသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့်အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များ စသည့် စားသုံးသူရေးရာ အသိပညာပေး အကြောင်းများကို ဆွေးနွေးပြောကြား၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဇင်မာခိုင်က လူငယ်လူရွယ်များအတွက် ကျန်းမာရေးနှင့် အားကစားဆိုင်ရာ အသိပညာများ အားဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားဆိုင်ရာ ပစ္စည်းဖြစ်သည့် ဘော်လုံးအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား / သူများအား ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအားပြသ၍ လိုက်ပါတောင်ရွက်စေပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မူးယစ်အသိပညာပေး နယ်လှည့်နံရံကပ်စာစောင်းများ ပြသရာကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)