တနင်္သာရီ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အကြား ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန်အတွက် ကိုဗစ်-၁၉ရော ဂါ ကာကွယ်ဆေးကို ဇွန်လ၂ ရက် ကျောင်း ဖွင့်ရက်မှစတင်ပြီး အစဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၁၄ ရက်က အခြေခံပညာ (၂) ကျောင်းမှ ကျောင်းသား/သူ (၂၉၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး (ပထမ) အကြိမ်အဖြစ် ကျန်းမာရေးဌာနဆရာမများက အေးချမ်းစွာ ထိုးနှံ ပေးကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ်၊ အထက-မောတောင်ကျောင်းမှ အသက်(၅)နှစ်မှ (၁၂)အကြားရှိ ကျောင်းသူ/သား (၂၃၀) ဦးနှင့် အမက-ကျောက်မီးကျောင်းရွာမှ(၆၀)ဦး၊ စုစုပေါင်း (၂၉၀) ဦးတို့အား ကျေးလက်ကျန်းမာရေး ဌာနမှဆရာမများက ကျောင်းများသွား၍ ထိုးနှံပေးကြရာ ပညာရေးဌာနဆရာ/မများက လိုအပ်သည်များ ပူးပေါင်းကူညီပေးကြကြောင်း သိရှိရသည်။
၎င်းကိုဗစ်ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဌာနဆရာမများက အပူချိန်တိုင်းပေး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးထိုးပြီးပါက နောက်ဆက်တွဲဆိုး ကျိုးရှိ/မရှိကို သိရှိနိုင်ရန် မိနစ်(၃၀)အကြာ စောင့်ကြည့်ခြင်းတို့ဖြင့် စနစ်တကျဆောင် ရွက်ပေးကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)