မံစီ စက်တင်ဘာ ၁၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများကို နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါနှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို မံစီမြို့မဈေးရှေ့နှင့် ဈေးအတွင်း၌ လည်းကောင်း၊ မြို့တွင်းလူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများ၌ လည်းကောင်း အုပ်စုများခွဲကာ အသီးသီး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်၍ ပြည်သူများ မေ့လျှော့ခြင်း မရှိစေရန်အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)