ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်၁၉-ရော ဂါ ကာကွယ်ရေး အသိပညာပေးဟောပြော

ဗိုလ်တထောင်     စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉  ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီ က ဗိုလ်တထောင်မြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း သီရိမာလာခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင် က အမှာစကားပြောကြားပြီး၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော် က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို လိုက်နာရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားရန်၊ ကာကွယ်ဆေးကို လူတိုင်းထိုးနှံ့ရန်၊ ဆေးထိုးထားလျှင် ရောဂါပြင်းထန်မှုကို လျော့ချနိုင်မှုများ၊ နှာခေါင်းစည်းများ တပ်ဆင်ရန်၊ လက်ဆေးရန်နှင့် တစ်ဦးမှတစ်ဦးသို့ ပြောကြားခြင်းဖြင့် လူအားလုံး ကျန်းမာရေး အသိပညာရရှိရန် တို့ကို ဟောပြောခဲ့သည်။ ဆက်လက်၍ ဗိုလ်တထောင်မြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူးအောင်လွင် က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ရန်နှင့် လူကုန်ကူးခြင်း မခံရအောင် သတိထားရမည့်အချက်များ၊ ဖြားယောင်းခေါ်ဆောင်ခြင်းနှင့် လိမ်လည်လှည့်ဖျားခြင်းများ မခံရအောင် အယုံမလွယ်ရန်တို့ကို ဟောပြောခဲ့သည်။ ဟောပြောပွဲသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ အ..က()ကျောင်းမှ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)