စလင်း စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ပွင့်ဖြူမြို့နယ်ရုံးမှ မြစ်၊ ချောင်း၊ တမံအတွင်း ငါးမျိုးစုံစိုက်ထည့်ခြင်းကို မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ စလင်းမြို့နယ်ရုံးမှ ကန်ပြားကျေးရွာကန်နှင့် စလင်းနွယ်တမယ် ချောင်းအတွင်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီ ၃၀အချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အဖွဲ့ဝင် ခေတ္တရဲမှူး ကျော်စိုးခိုင်၊ အဖွဲ့ဝင်ဦးစိန်လင်း၊ ဆင်ဖြူကျွန်းမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးထွန်း၊ စခန်းမှူး ကျော်ကျော်ဦး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းကိုကိုထွန်း၊ စိုက်ပျိုးရေးဦးစီးဌနမှဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းမှဝန်ထမ်းများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများက နွယ်တမယ်စလင်းချောင်းအတွင်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်းငါးအကောင်ရေ (၂၀၀၀၀၀)သိန်း၊ ငါးခုံးမကြီးကောင်ရေ (၁၅၀၀၀၀) ကောင်နှင့် ကန်ပြားကျေးရွာရေကန်အတွင်းသို့ ငါးမြစ်ချင်းနှင့်ငါးခုံးမအကောင်ရေ (၁၅၀၀၀)ကောင်၊ စုစုပေါင်း ငါးအကောင်ရေ (၃၆၅၀၀၀)ကောင်တို့အား စိုက်ထည့်ပေးခဲ့ကြသည်။ ထိုကဲ့သို့ ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြင့် ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေး၊ သဘာဝအတိုင်းငါးမျိုးပေါက်ထွားစေရန်ရည်ရွယ်၍ စိုက်ထည့်ပေးခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအနေဖြင့် ငါးမျိုးများစွာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များအတွင်းရှိ မြစ်ချောင်းတမံများအတွင်းသို့ ထည့်ပေးခဲ့ရာ သဘာဝအလျောက်ပေါက်ဖွား၍ ပြည်သူလူထုစားသုံးမှုဖူလုံစေရန်ရည်ရွယ်ပြီး ယနေ့ငါးမျိုး ၃၆၅၀၀၀ အား စိုက်ထည့်လွှတ်ခဲ့ကြောင်း သိရသည်။
မောင်လွင် (ပြန်/ ဆက်)