နတ်မောက်မြို့ရှိ မြို့ပေါ်ရပ်ကွက်လမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၁၆

နတ်မောက်မြို့ပေါ်ရပ်ကွက်များရှိ လမ်းများကို အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မြို့ပေါ်ရပ်ကွက်များရှိ လမ်းများကို အဆင့်မြှင့်တင်ရေးအတွက် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့မရပ်ကွက် မြတ်မင်္ဂလာလမ်း ပေ ၈၀၀ ၁၂ပေအကျယ်ကို ခွင့်ပြုရန်ပုံငွေ ကျပ် ၃၈.၄ သန်း ဖြင့်လည်းကောင်း၊ အောင်ဆန်းရပ်ကွက် နဒီလမ်း ပေ ၇၇၀ ၁၂ပေအကျယ်ကို ခွင့်ပြုရန်ပုံငွေကျပ် ၃၆.၉၆သန်း ဖြင့်လည်းကောင်း၊ စျေးရပ်ကွက် တော်ဝင်လမ်း ပေ ၇၃၀ ၁၂ ပေအကျယ် ငွေကျပ် ၆.၅၇ သန်းဖြင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ခံ အင်ဂျင်နီယာဦးခိုင်ဇော်မိုးထံမှ သိရသည်။

လှဝင်း