ပန်းတောင်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြိုးကြာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဥသျှစ်ပင်မြို့အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦး၊ အမှတ်(၉)ကာကွယ်ရေးစက်ရုံ စက်ရုံမှူးဗိုလ်မှူးကြီးတင်မောင်ချိုနှင့် ဒုတိယမြို့နယ်ပညာရေးမှူးဦးမြင့်ဆွေတို့မှ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ကြိုးကြာကျေးရွာအလယ်ကျောင်းမှ ကျောင်းသား/သူများက "မြန်မာ့ကျောင်းသီချင်း"ဖြင့် အခမ်းအနားဖွင့်လှစ်ကာ အမှတ်(၉)ကာကွယ်ရေးစက်ရုံ စက်ရုံမှူးဗိုလ်မှူးကြီးတင်မောင်ချိုနှင့် ဥသျှစ်ပင်မြို့အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦးတို့မှ အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးမြင့်ဆွေမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရေးအတွက် အဆင့်ဆင့်ဆောင်ရွက်မှုများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက်ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)