ကျောက်တလုံးကြီး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ စာအုပ်စာစောင်များ လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များအား ယမန်နေ့နံနက် ၁၀ နာရီခန့်က ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းငှားရမ်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငှားရမ်းပေးရာတွင် ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင်းကောင်းများ တိုးတက်လာစေရန်၊ စာအုပ်စာပေကို ချစ်မြတ်နိုးတတ်လာစေရန်၊ ကျောင်းပြင်ပ အထွေထွေဗဟုသုတတိုးပွားလာစေရန်အတွက် သုတ၊ ရသစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်း စာအုပ်များအား စုံလင်စွာငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ရုံးအနေဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးမှုကို ဌာနဆိုင်ရာရုံးများနှင့်အခြေခံပညာကျောင်းများတွင် အလှည့်ကျစနစ်ဖြင့် တစ်ပတ်လျှင် တစ်ကြိမ် အသစ်လှဲလှယ်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)