ညောင်ဦး စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်လျက် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ် ပုဂံမြို့ ရွှေတွင်းရပ်ကွက် ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်
ထိုသို့ ရောင်းချရာ ဆန်တစ်ပြည်၊ ကြက်သွန်ငါးဆယ်ကျပ်သား၊ ဆားငါးဆယ်ကျပ်သား၊ ကြက်ဥငါးလုံးတို့ကို (၄၅၀၀) ကျပ်ဖြင့် ရောင်းချပေးခြင်း၊ စားသုံးဆီ ငါးဆယ်ကျပ်သားကို ၂၉၅၀ ကျပ် သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများအားရောင်းချပေးခဲ့ရာ ဆီပိဿာချိန် ၆၆၀ ပိဿာနှင့် ဆန်၊ ကြက်ဥ၊ ကြက်သွန်၊ ဆားတို့အား အိမ်ထောင်စု (၃၅၀) စုစာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။ စားသုံဆီများအား ညောင်ဦးမြို့နယ်၊ ပုဂံမြို့ ရွှေတွင်းရပ်ကွက်နေ ပြည်သူများအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရပြီး ကျေးလက်ဒေသများအရောက် ရောင်းချဖို့စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စားသုံး သူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောကြားသည်။
အခြေခံစားသောက်ကုန်များ ရောင်းချသည့်နေရာသို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များမှ ကြီးကြပ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ