သာပေါင်း စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများရှိ ဒုတိယအကြိမ် ထိုးနှံပြီး(၆)လအကြာပြီးသော အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ အချိန်က အခြေခံပညာကျောင်းများတွင် ကျောင်းဆေးထိုးစုရပ်များ၌ ကျန်းမာရေးဌာန ဆရာ၊ ဆရာမများက Second Dose နှင့် Booster Doseကာကွယ်ဆေးကို ထပ်ဆောင်း ထိုးနှံပေးလျက်ရှိသည်။
သာပေါင်းမြို့နယ် အခြေခံပညာ ကျောင်း(၁၄)တို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများကို Second Dose (၂၀၁)ဦး၊ Booster Dose (၁၃၃)ဦး၊ ပေါင်း(၃၃၄)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac)ကို စနစ်တကျ ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိစာရင်းပြည့်မှီရေး နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)