ကျိုင်းတုံ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(အိုမီခရွန်)နှင့် ပတ်သတ်၍ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူးကျေးရွာ၊ ဟွေခါးကျေးရွာ၊ မိုင်းဇင်းကျေးရွာများတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ လှည့်လည်အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူး ကျေးရွာ၊ ဟွေခါးကျေးရွာ၊ မိူင်းဇင်းကျေးရွာအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်ပြောကြားကာ လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျတပ်ဆင်ကြရန်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးခြင်းများ ဆောင်ရွက် ကြောင်း သိရသည်။
ကျော်စိန်သန်း(ပြန်/ဆက်)