ဟိုပုံး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကုန်ကျိုင်းကျေးရွာအုပ်စု၊ ဟန်လွှဲကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းအိသက်မွန်က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မိုးနိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်တို့က မိုးရာသီအတွင်းအဖြစ်များသည့် ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးစသည့် ဘေးအမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံမှုရှိရေးအတွက် ရှာဖွေကယ်ဆယ်ရေးနည်းပညာများသိရှိနားလည်ရန်၊ သဘာဝဘေး ကျရောက်ပါက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရေးအတွက် သိရှိရမည့် အချက်များကို ဆွေးနွေးဟောပြောခဲ့ကြကြသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)