မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မြဝတီ စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ် မြတ်နိုးသူ (Book Club) အသင်းဝင်များစုပေါင်း၍ ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာရေးဆရာ ချစ်စံဝင်းရေးသားသည့် စိတ်စည်းကမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ကြသည်။

စာဖတ်ဝိုင်းတွင် (Book Club) အသင်းဝင် စာရေးဆရာမ တင်အုန်းသျှင်က စိတ်စည်းကမ်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စိတ်စည်းကမ်းဟုဆိုရာ၌ စိတ်ဟူသော အပိုင်းနှင့် စည်းကမ်းဟူသော အပိုင်းနှစ်ပိုင်း ပါဝင်ကြောင်း၊ စည်းကမ်းကို စည်းမျဉ်း ပြဌာန်းချက်ဟုလည်း ဆိုသည်၊ စိတ်သည်ဖြူသည်၊ မဲသည်၊ ဝါသည်၊ လှသည်၊ အရုပ်ဆိုးသည်၊ စိတ်၏ ဖွဲ့စည်းမှုတွင် ဆန္ဒများ၊ အကြံအစည်များ၊ စိတ်ကူးစိတ်သန်များ၊ ကြိုးစားအားထုတ်မှုများ၊ တွေးတောကြံဆမှုများ ပါဝင်ပေသည်၊ စိတ်သည်လူ၏ ကာယကံအလုပ်၊ ဝဇီကံအလုပ်၊ မမနာကံအလုပ်တို့ကို ဦးဆောင် သည်၊ စိတ်ကောင်း စေတနာကောင်းရှိရေးသည် လူအများအတွက်ရော လူတစ်ဦးချင်းစီ အတွက်ပါ အရေးကြီးလှပေကြောင်းကို ဦးဆောင်ဆွေးနွေးပေးသည်။

ဆက်လက်၍ စာပေဝါသနာရှင် ဦးမန်းသန်း​ရွှေမြင့်ကစိတ်စည်းကမ်းသည် လူတိုင်းအတွက် အရေးကြီးလှပေသည်၊ စည်းကမ်းရှိမှသာလျှင် အရာရာတိုင်း စနစ်တကျ ဆောင်ရွက်နိုင်မှာ ဖြစ်ကာအောင်မြင်မှု ပန်းတိုင်ရောက်ရှိမည်မှာဖြစ်၍ အမှား၊ အမှန် ချင့်ချိန်သုံးသပ် ဝေဖန်ခွဲခြားနိုင်မည်ဖြစ်ကြောင်းကို   ပြန်လည်ဆွေးနွေးပေးသည်။ 

မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုအကျိုးပြု အသိပညာ ပေး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများကို ဉ်ဆက်မပြတ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စာပေအသိပညာမှ ဗဟုသုတရရှိစေမည့် စာဖတ်ဝိုင်းများကိုလည်း အပတ်စဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဇာဖြူဝင်း