ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ကာလိ  စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယနေ့နေ့လည် (၁၂) နာရီအချိန်တွင် Online မှတစ်ဆင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေးလုပ်ငန်းများ လွှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အသိပညာပေး (Talk Show) လုပ်ငန်းဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော် က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးပြီး ကာလိနယ်မြေ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးရဲမင်းဟိန်းက မီးလောင်မှုအခြေခံသဘောတရားများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မီးငြိမ်းသတ်နည်းလမ်းများ၊ မီးသတ်ဆေးဗူး အသုံးပြုနည်းလမ်းများ အစရှိသည့်အကြောင်းအရာများကို ပြည်သူများအတွက် ကျယ်ကျယ် ပြန့်ပြန့်သိနိုင်စေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)